NEWS

"တိုင်ချင်တဲ့နေရာတိုင် ဒီအချိန်မှာ မြန်မာနိုင်ငံမှာ ဖြေရှင်းပေးမဲ့ရုံး မရှိဘူး"လို့ Myanmar Lucky Garment စက်ရုံမှ အလုပ်ကြီးကြပ်သူတွေပြောဆို

CoverLogo
1.8K Views

Myanmar Lucky Garment စက်ရုံက  အလုပ်ကြပ်(စူပါ)တွေက စက်ရုံ အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်ပြီး "တိုင်ချင်တဲ့နေရာတိုင် ဒီအချိန်မှာ မြန်မာနိုင်ငံမှာ ဖြေရှင်းပေးမဲ့ရုံး မရှိဘူး"လို့ ပြောဆိုနေတယ် ဆိုပြီး လာရောက်တိုင်ကြားထားတယ်လို့  Solidarity of Trade Unions Myanmar ဆီက သိရပါတယ်။

ရွှေပြည်သာ စက်မှု ဇုန် ၃ မှာ ဖွင့်လှစ်ထားတဲ့  Myanmar Lucky Garment စက်ရုံဟာ ပြီးခဲ့တဲ့ ကာလတွေက နာမည်ကြီး နိုင်ငံတကာ အမှတ်တံဆိပ် ZARA တံဆိပ်ချုပ်ကို ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး  လက်ရှိ တခြား တံဆိပ်တွေလည်း ချုပ်လုပ်နေတယ်လို့ လာရောက်တိုင်ကြားတဲ့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။  

အထည်ချုပ် အလုပ်သမားတွေကို စက်လိုင်း ဖျက်သိမ်းပြီး တခြားလိုင်းတွေကို လူခွဲတာ ၊ အထည် စံချိန်တွေ တိုးတောင်းတာနဲ့ အလုပ်သမားတွေ အပြင်ထွက်လိုပါက gate pass မပေးတာစတဲ့ အလုပ်သမားတွေ ရသင့်တဲ့အ ခွင့်အရေးတွေကို ချိုးဖောက်တာတွေ  ပြုလုပ်နေတယ်လို့ ပြောပါတယ်။

“လိုင်းပြောင်းတော့ အုပ်ချုပ်သူတွေ၊ စူပါတွေ ပြောင်းသွားတယ်၊ နားလည်မှုလည်း ပြန်လုပ်ရတယ်၊ ပိုပြီး ဖိခိုင်း တာ မျိုးရှိတော့ လိုင်းအသစ်မှာ လုပ်ရတာ စိတ်ဖိစီးမှုပိုများတာမျိုးရှိတယ်” လို့ အထည်ချုပ် လုပ်သက်ရင့် အမျိုးသမီးက Myanmar Labour News ကို ပြောပါတယ်။  

Myanmar Lucky Garment စက်ရုံက စူပါတွေကတော့ စက်လိုင်း ဖျက်သိမ်းပြီး တခြားလိုင်းတွေကို ပြောင်းခံရလို့ မလုပ်နိုင်ပါက ထွက်သွားလိုဆိုပြီး  ပြောဆိုခဲ့တယ်လို့  အလုပ်သမားတွေက တိုင်ကြားထားတာပါ။

အထည် စံချိန်တွေကို တစ်ကြိမ်ထက် တစ်ကြိမ် တိုးတောင်းပြီ စံချိန်ပြည့် မချုပ်နိုင်ပါက အခကြေးငွေမပေးဘဲ အချိန်ပို အလုပ်ဆင်းခိုင်းတယ်လို့လည်း ပြောပါတယ်။

သက်ဆိုင်ရာ အလုပ်သမား ဦးစီးဌာတွေက စစ်ဆေးရေး ဝင်မယ်ဆိုရင် အောစူပါ ၊ လိုင်းစူပါတွေက  အလုပ်သမားတွေကို ရုံးခန်းခေါ် အစည်းအဝေးလုပ်ကာ “အားလုံးအဆင်ပြေကြောင်း” ပြောဆိုဖို့သင်ကြားပေးပြီး  အလုပ်သမားတွေက လာရောက်စစ်ဆေးတဲ့ သက်ဆိုင်ရာ ဦးစီးမှူးတွေကို ပြောပြရတယ်လို့လည်း ပြောဆိုထား ပါတယ်။

MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026